
(မှုခင်း) စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းအတွင်းမှာခုတ်မောင်းနေတဲ့ ဘိလပ်မြေအိတ်တင်သင်္ဘောကို PDF က ပဲ့ထောင်နဲ့ လာရောက်ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ်က ရေယာဉ်မောင်း ဦးရဲညွန့် မောင်းနှင်ပြီး ရေယာဉ်လုပ်သား နှစ်ဦး လိုက်ပါလာတဲ့ “ကံစုဝေ” တွဲရေယာဉ်ဟာ ဘိလပ်မြေအိတ် ၄၇,၉၂၂ အိတ်ကိုတင်ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီခန့်က ရန်ကုန်မြို့ကိုခုတ်မောင်းနေစဉ် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ မြင်ဘာကျေးရွာ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာအရောက်မှာ ြဖစ်ပွားခဲ့တာလို့ သိရပါတယ်။
PDF အကြမ်းဖက်သမား ၁၀ ဦးခန့်ဟာ ဧရာဝတီမြစ်ကြောင်းအတိုင်းခုတ်မောင်နေတဲ့ “ကံစုဝေ” တွဲရေယာဉ်ဆီကို ပဲ့ထောင်တစ်စီးနဲ့ ရောက်ရှိလာပြီး အဆိုပါတွဲရေယာဉ်ကို ရပ်တန့်ခိုင်းကာ ဉီးရဲညွန့်ပါ သုံးဦးကို ကျောက်အိုးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ပြီး ခြိမ်းခြောက်ကာ ပြန်ပေးဆွဲငွေတောင်းခံပြီး ပြန်လည်စေလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။