
(အားကစား) စက်တင်ဘာ ၁၈
မန်စီးတီးအသင်းက လူငယ်ကစားသမား ရီကိုလီဝစ် ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ရီကိုလီဝစ် ဟာ မန်စီးတီးအကယ်ဒမီမှ ထွက်ပေါ်လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အသင်းကြီးအတွက် စတင်ခေါ်ယူခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
မန်စီးတီးအသင်းက ရီကိုလီဝစ် ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းများရှိလာခြင်းကြောင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။
ရီကိုလီဝစ် ဟာ ကွင်းလယ်ခံစစ်ကစားသမားအဖြစ်ရော နောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး အနာဂတ်တွင် တောက်ပလာမည့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
ရီကိုလီဝစ် က မန်စီးတီးအသင်းဟာ ၎င်းရဲ့အိပ်မက်အသင်းဖြစ်လို့ နှစ်ကာလရှည်ကြာစွာ ကစားသွားလိုကြောင်း ပြောကြားခဲ့ပါတယ်။
#PAN