ရုံးစည်ကြီးကျေးရွာမှာ PDF ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ထိမှန် ဒေသခံ ၃ ဦးဒဏ်ရာရ

(ပြည်တွင်း) စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာအတွင်းကို PDF ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမှာနေထိုင်သူတွေဖြစ်ကြတဲ့ ဦးလှသန်း(၇၆)နှစ်၊ ကိုညီညီလွင်(၂၃)နှစ်နဲ့ မရွှေယမင်း(၁၂)နှစ်တို့ဟာ နေအိမ်အသီးသီးမှာ ရှိနေချိန် အဲဒီနေအိမ်တွေအနီးကို PDF တွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ဟာ စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီခွဲအချိန်ကစတင်ကာ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံမှာဆေးဝါးကုသနေတယ်လို့ သိရပါတယ်။