
(ပြည်တွင်း) စက်တင်ဘာ ၁၈
ယာယီနေရပ်စွန့်ခွာနေရတဲ့ ထိခိုက်လွယ်အုပ်စုတွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်ဖို့အပါအဝင် အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဥ်တွေနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲနဲ့ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဆွေးနွေးမှုတွေထဲမှာတော့ တရားမဝင်ပြည်ပထွက်ခွာ အလုပ်သမားတွေ လျှော့ချနိုင်ရေး၊ အခြေခံအလုပ်သမားတွေရဲ့ လူမှုဖူလုံရေးနဲ့ လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ တိုင်းရင်းသားဒေသတွေက ရောက်ရှိနေတဲ့ ယာယီနေရပ်စွန့်ခွာ ထိခိုက်လွယ်အုပ်စုတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့် နည်းလမ်းတွေပါဝင်တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးမှုပွဲကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားဒေသတွေက ယာယီနေရပ် စွန့်ခွာလာကြတဲ့ ထိခိုက်လွယ်အုပ်စုတွေအတွက် သင့်လျော်တဲ့အလုပ်အကိုင်တွေရရှိရေးအတွက် သင်တန်း တွေပေးခြင်းအပြင် အလုပ်အကိုင်တွေဖန်တီးပေးနိုင်ရေး နည်းလမ်းတွေကို အစိုးရနဲ့ လုပ်ငန်းရှင်တွေဘက်က ဆောင်ရွက်ပေးနိုင်မယ့် အစီအစဥ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။