
(ပြည်တွင်း) စက်တင်ဘာ ၁၅
ရန်ကုန်မြို့ရှိ နိုင်ငံတကာအခြေခံပညာရေးကျောင်းများနှင့် ပတ်သက်သည့် စျေးကွက်အခြေအနေကို ပိုမို နက်ရှိုင်းစွာ သိရှိနားလည်စေရန် “The Yangon International Schools Industry Report 2025-2026 Launch & Panel Seminar” ပွဲကို လာမည့် စက်တင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယခုလို နိုင်ငံတကာကျောင်းစျေးကွက် အစီရင်ခံစာမိတ်ဆက်ပွဲကို Vintage Luxury Yacht ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်း ၁၇ ကျောင်း မှ တာဝန် ရှိသူ ၃၅ ဦး တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်မှာ ရန်ကုန်မြို့ရှိ နိုင်ငံတကာအခြေခံပညာရေးဆိုင်ရာ ဈေးကွက်အကြောင်း နားလည် စေရန်နှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ( ISCED Level 1, 2 & 3 ) ဖွင့်လှစ်မှု အခြေအနေများ၊ ကျောင်းသားကျောင်းသူတက်ရောက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံ နိုင်ငံတကာကျောင်းစျေးကွက်၏ အနာဂတ် အလားအလာ အခြေအနေတို့ကို သိရှိစေရန် စီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။
အဆိုပါပွဲကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်ကုမ္ပဏီများအတွက် စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်း အတွေ့အကြုံ ၃၃ နှစ်ရှိသော MMRD Business Insight မှ ကြီးမှူးကျင်းပသွားမှာ ဖြစ်ပါတယ်။
လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လေ့လာလိုပါက www.mmrdrs.com တွင် အသေးစိတ် လေ့လာနိုင်ကြောင်း သိရပါတယ်။