(ပြည်တွင်း) စက်တင်ဘာ ၁၂

ထိုင်းနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာများသက်သေခံလက်မှတ်ပြုလုပ်ရာမှာ အပြီးအစီးဘတ် ၂၆၇၀ သာ ကုန်ကျမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရပါတယ်။
ထိုင်းရောက် မြန်မာများအနေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံပေးတဲ့ သက်သေခံလက်မှတ် ထုတ်ယူ နိုင်ပြီး Cerificate Identity လျှောက်ထားရာမှာလည်း ကုန်ကျစရိတ်ဘတ် ၂,၆၇၀ သာကုန်ကျမှာဖြစ်ပါတယ်။
မလိုလား အပ်တဲ့ ကုန်ကျစရိတ်များ မရှိစေရေးအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
သက်သေခံလက်မှတ်များကို သြဂုတ်လမှ စတင်ပြီး စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီပြည်နယ်များတွင်စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။