
(အားကစား) စက်တင်ဘာ ၁၀
ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ စက်တင်ဘာလ ၉ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှ ယူ ၂၃ ခြေစစ်ပွဲမှာ မြန်မာအသင်းဟာ အာဖဂန်နစ္စတန်အသင်းကို နှစ်ဂိုး၊ တစ်ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်အသင်းက မြန်မာအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့သလို ပွဲချိန်ပထမပိုင်းမှာ သွင်းဂိုး တစ် ဂိုး သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပသွင်းဂိုးကို စွမ်းထက် က သွင်းယူပေးခဲ့ပါတယ်။
အာဖဂန်နစ္စတန်အသင်း အတွက် အနိုင်ဂိုးကို ပွဲချိန် မိနစ် ၇၀ ကျော်မှာသွင်းယူခဲ့ပါတယ်။ မြန်မာအသင်းက အာရှယူ -၂၃ ခြေစစ်ပွဲအုပ်စု(ခ)မှာ ကူဝိတ်အသင်း၊ ဂျပန်အသင်း၊ အာဖဂန်နစ္စတန်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
ရလဒ်များအဖြစ် ကူဝိတ် အသင်းနှင့် ဂိုးမရှိသရေ၊ ဂျပန်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး အာဖဂန်နစ္စတန်အသင်းကိုလည်း နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါရလဒ်များကြောင့် မြန်မာအသင်းအနေနဲ့ အာရှယူ -၂၃ ခြေစစ်ပွဲမှာအုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။