
(ပြည်တွင်း)စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အားရှင်းလင်းရာမှ အမျိုးသား ၁ဦးရုပ်အလောင်း တွေ့ရှိရကြောင်း သိရသည်။
ယနေ့နံနက် ၁၁နာရီအချိန်ခန့်က Sky Villa အဆောက်အအုံ A အဆောင်အား မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆောင် (A)၊ မြေညီထပ်မှအမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းအား မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။