
(ပြည်တွင်း) စက်တင်ဘာ
ရန်ကုန်–မန္တလေးအမြန်လမ်းမကြီးကို အသုံးပြုနေတဲ့ ခရီးသည်တင်ယာဉ် ၂,၇၀၀ ကျော်နှင့် အရေးကြီး ကုန်စည်တင်ယာဉ် ၂,၃၀၀ ကျော်ကို တယ်လီမက်တစ်စနစ် တပ်ဆင်ပေးထားကြောင်း သိရပါတယ်။
စာရင်းများအရ ပြီးခဲ့သည့်နှစ် ဇွန်လ က စတင်ခဲ့သည့် တယ်လီမက်တစ်စနစ် တပ်ဆင်ခြင်းလုပ်ငန်းအနေနဲ့ လက်ရှိမှာ ခရီးသည်တင်ယာဉ် ၂,၇၄၄ စီးနှင့် အရေးကြီးကုန်စည်တင်ယာဉ် ၂,၃၀၀ ကျော် တပ်ဆင်ထားပြီး ဖြစ်ပါတယ်။
တယ်လီမက်တစ်စနစ် က အမြန်လမ်းမကြီးမှာ ကီလိုမီတာ ၆၀ ထက်ပိုမမောင်းရန် သတ်မှတ်ထားကာ သတ်မှတ်နှုန်း ကျော်လွန် မောင်းနှင်ခြင်းရှိမရှိနှင့် အချိန်မီသွားလာခြင်းရှိမရှိတို့ကို စောင့်ကြည့် စစ်ဆေးလျက်ရှိခြင်း ဖြစ်ပါတယ်။
တယ်လီမက်တစ်စနစ်တပ်ဆင်ထားသော ယာဉ်များအနေနဲ့ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်ပါက စောင့်ကြည့်ရေးစင်တာမှ ၃ ကြိမ် သတိပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကာ လိုက်နာမှုမရှိပါက ယာဉ်မောင်း၏ အချက်အလက်များကို တိုးဂိတ်စစ်ဆေးရေးဂိတ်များမှာ တာဝန်ကျတဲ့ တပ်ဖွဲ့ဝင်များထံသို့ ပေးပို့ကာ အရေးယူမှုများ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လက်ရှိအမြန်လမ်းမကြီးမှာ တယ်လီမက်တစ်စ်စနစ်တပ်ဆင်ထားသော ခရီးသည် တင်ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုထားကြောင်းလည်း သိရပါတယ်။