
(အားကစား) စက်တင်ဘာ ၈
အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချဲလ် က သူ့ရဲ့အသင်းဟာ လမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ လုံးဝ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အသင်းငယ်လေး အန်ဒိုရာ ကို အိမ်ကွင်းမှာ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
အန်ဒိုရာရဲ့ အိမ်ကွင်းမှာ အင်္ဂလန်အသင်းက ၁ ဂိုး၊ ဂိုးမရှိနဲ့သာ အနိုင်ရရှိခဲ့ပါတယ်။ အချက်အလက်တွေအရ အင်္ဂလန်အသင်းဟာအန်ဒိုရာနဲ့ ပထမအကျော့ကထက်တောင် စွမ်းဆောင်ရည် နိမ့်ကျခဲ့ပါတယ်။
ဒါပေမဲ့ တူချဲလ်က အင်္ဂလန်အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။