ဒမ်ဘီလီ နဲ့ ဒူအေ အနည်းဆုံးတစ်လဝန်းကျင်ခန့် အနားယူရမယ်

(အားကစား) စက်တင်ဘာ ၈

PSG တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အူစမန်ဒမ်ဘီလီနဲ့ ဒူအေ တို့ဟာ ဒဏ်ရာအသီးသီးရခဲ့လို့ အနည်းဆုံး တစ်လဝန်းကျင်ခန့် အနားယူရဖို့ ရှိပါတယ်။

၎င်းတို့နှစ်ဦးဟာ ယူကရိန်းအသင်းနဲ့ ပြင်သစ်အသင်းတို့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ တာ ဖြစ်တယ်။

ဒမ်ဘီလီ က ညာတံကောက်ကြောဒဏ်ရာနဲ့ ဒူအေ က ခြေသလုံးကြွက်သားဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

PSG အသင်းက အသင်းကစားသမားနှစ်ဦး ဒဏ်ရာရရှိမှုကို အတည်ပြုခဲ့ပြီး ဒမ်ဘီလီ က ခြောက်ပတ်ခန့်၊ ဒူအေ က လေးပတ်ဝန်းကျင်ခန့် အနားယူရမယ်လို့ ကြေညာခဲ့ပါတယ်။

ကစားသမားနှစ်ဦးဟာ အတ္တလန်တာ၊ ဘာစီလိုနာ အသင်းတို့နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲတွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

ဒမ်ဘီလီ က လာမယ့်အောက်တိုဘာလ နိုင်ငံတကာ ရက်သတ္တပတ်မှာ ပြင်သစ်လူစာရင်းမှာ ပါဝင်လာဖို့ မရှိပါဘူး။