
(အားကစား) စက်တင်ဘာ ၈
မန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ဟာ ဆော်ဒီလိဂ်မှ ကလပ်အသင်း သုံးသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ် ကို အယ်လ်ဟီလာ၊ အယ်လ်အစ်တီဟတ်၊ အယ်လ်နာဆာအသင်းတွေက စိတ်ဝင် စားခဲ့တာ ဖြစ်တယ်။
ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းမှာ အနည်းဆုံးတစ်ရာသီဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အယ်လ်ဟီလာ အသင်းနဲ့က အနီးစပ်ဆုံးဖြစ်ခဲ့ပြီး အေးဂျင့်ဖြစ်သူတောင် ဆော်ဒီအာရေဗျကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
အယ်လ်ဟီလာအသင်းက မန်ယူအသင်းကို မဆက်သွယ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ အထက်ပေးဖို့ အသင့်ရှိခဲ့ပါတယ်။