ကာကွယ်ရေးဝန်ကြီးဌာနကို ထရမ့်က စစ်ဝန်ကြီးဌာန အဖြစ်အမည်ပြောင်းလဲ

(နိုင်ငံတကာ)စက်တင်ဘာ ၆

သမ္မတ ​​ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနဆီအဖြစ် သောကြာနေ့က အမည်ပြောင်းလဲခဲ့ပါတယ်။

အခုလိုအမည်ပြောင်းခဲမှုကို သူ့ရဲ့ ဒုတိယသက်တမ်းအတွင်း လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး သမ္မတရုံး အမိန့်အမှတ် (၂၀၀) နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမိန့်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန (Department of Defense) ကို စစ်ဝန်ကြီးဌာန (Department of War) အဖြစ် အမည်ပြောင်းလဲခဲ့သလို ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်အားလည်း စစ်ဝန်ကြီးအဖြစ် ခေါ်ဝေါ်မယ်ဆိုတာလည်းပါရှိပါတယ်။

ဒေါ်နယ်ထရမ့် ပြောင်းလဲသတ်မှတ်လိုက်တဲ့ စစ်ဝန်ကြီးဌာနဆိုတဲ့ အသုံးအနှုန်းကို အခမ်းအနားတွေနဲ့ တရားဝင် သတ်မှတ်ပြဌာန်းထားခြင်းမရှိတဲ့ အခြေအနေတွေမှာ  အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

တရားဝင် အမည်ပြောင်းလဲမှုကို ကွန်ဂရက်လွှတ်တော်ကသာ ပြုလုပ်နိုင်တာ​ဖြစ်ပြီး စစ်ဝန်ကြီးဌာနဆိုတဲ့အမည်ဟာ ရှေးအတိိတ် အသုံးပြုခဲ့တဲ့ အမည်ဖြစ်ပြီး ပြန်လည် သုံးစွဲတာဖြစ်တယ်လို့လည်း သိရပါတယ်။

ထရမ့်ဟာ မူရင်းအမည်​တွေကို ပြန်လည် သတ်မှတ်လေ့ရှိရာ ဘိုင်ဒင်လက်ထက်က Fort Moore တပ်မြို့ အဖြစ် အမည်ပြောင်းခြင်းခံရသော Fort Benning တပ်မြို့၊ Fort Liberty တပ်မြို့ကို Fort Bragg အဖြစ် စုစုပေါင်း တပ်မြို့ ၇ မြို့ကို မူလအမည်တွေ ပြန်လည်ပြောင်းလဲ ပေးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထရမ့်ရဲ့ ပထမသက်တမ်း (၄၅) ဆက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း ကြည်းတပ်ရဲ့ အခမ်းအနားဝတ်စုံသစ် သတ်မှတ်ရာမှာ ဒုတိယကမ္ဘာစစ်ကဝတ်စုံကို ပြန်လည် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

#PAN