(အားကစား) သြဂုတ် ၂၄

ရီးရဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်စ် နဲ့ ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
ဘရာဟမ်ဒီယက်စ် ဟာ မန်စီးတီးအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သော်လည်း မန်စီးတီး အသင်းတွင် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခွင့်ရရှိခဲ့လို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ခဲ့သူဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းတွင် တစ်ရာသီသာ ကစားခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်တွင် အေစီမီလန်အသင်းသို့ အငှားစာချုပ်ဖြင့် ထပ်မံပြောင်းရွှေ့ ကစားခဲ့ရတာဖြစ်ပါတယ်။
အေစီမီလန်အသင်းမှာ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့လို့ ၂၀၂၃ ခုနှစ်တွင် အသင်းနှင့်ပြန်လည်ပူးပေါင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း နည်းပြဟောင်း အန်ဆယ်လော့တီ လက်အောက်တွင် ပွဲကစားခွင့်များရရှိခဲ့ရာ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
#PAN