(ပြည်တွင်း) ဩဂုတ် ၂၀
နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) အရ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ကြောင်း သိရသည်။

ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (ဇ) အရ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက . ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့ နယ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံ၌လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့ နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌လည်းကောင်း ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါတီများ အားလုံးပါဝင်နိုင်ရေးအတွက် ရည်မှန်းကာ ပါတီဝင်ဦးရေပြည့်မီစေရေးနှင့် သတ်မှတ်ပါတီရုံးခန်း အရေအတွက် ပြည့်မီအောင်ဖွင့်လှစ်နိုင်ရေး အချိန်မီဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများသို့ ကြိုတင်အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) နှင့် ( ဇ ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံးတင်ပြရမည့်နေ့ရက်ကို ၇ – ၉ – ၂၀၂၅ ( တနင်္ဂနွေနေ့ ) သတ်မှတ်ကြောင်း ပြည်ထောင်စုေ၇ွးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
#PAN