ဩဂုတ်လ ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်တွင် ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

ယာယီသမ္မတဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပါသည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ စျာပနကို နိုင်ငံတော်စျာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။