ပင်လုံမြို့တွင်  လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ ညောင်ပင်လဲကျမှုသဖြင့် နှစ်ဦးသေဆုံး

(မှုခင်း) ဩဂုတ် ၁

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့ညနေ၆နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ ညောင်ပင် လဲကျမှုဖြစ်ပွားကာ လူနှစ်ဦးသေဆုံးသွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၁၀)ပေခန့်ရှိသော ညောင်ပင်သည် နေအိမ်ပေါ်သို့ လဲကျနေကြောင်း သတင်းအရ လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့​ရသည်။

အဆိုဖြစ်စဉ်ကြောင့် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦးအနက် ကျား ငယ်(၁)ဦး (သေဆုံး)၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရပါသည်။