လက်ထုပ်ကျေးရွာတွင်း အကြမ်းဖက် PDF များမှ အပစ်မဲ့ကျေးရွာသား တစ်ဦးအား သတ်ဖြတ်သွား


(ပြည်တွင်း) ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF များမှ အပစ်မဲ့ကျေးရွာသား တစ်ဦးအားအကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။

အခင်းဖြစ်ကျေးရွာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးမျိုးမြင့်ဝင်း၊ ၅၃ နှစ်၊ (ဘ)ဦးမျိုးမြင့်၊ စျေးရောင်း၊ ညောင်ဦးမြို့နယ်နေသူအား ၎င်း၏နေအိမ်တွင် ယာ-မျက်လုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အလယ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နားထင် ဖောက်ဝင်ပြီး ယာ-နားထင် ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-ပေါင် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲ-ပေါင် ဖောက်ဝင်ဒဏ်ရာ ၂ ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူသည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဥ် လက်ထုပ်ကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာ တောင်သာမြို့နယ်၊ မာလာကျေးရွာဘက်မှ အကြမ်းဖက် PDF ၆ ဦးခန့်မှာ သေနတ်အတို/အရှည်များကိုင်ဆောင်လျက် ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ဦးမျိုးမြင့်ဝင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ လာရာလမ်းအတိုင်း ပြန်ထွက်သွားကြောင်း သိရသည်။

ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏လမ်းညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်း အကြမ်းဖက် PDF များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်သူများကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေခြင်းဖြစ် ကြောင်းသိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN