မျက်မှန်အမဲ ဆိုင်ကယ်အမဲနဲ့အကြမ်းဖက် မုဒုံကရွှေဆိုင်ကို ဝင်ရောက်ပစ်ခတ်


(မှုခင်း) ဇူလိုင် ၁၁

ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မျက်မှန်အမဲတပ်ထားတဲ့ အမျိုးသား ၁ ဦးဟာ ဆိုင်ကယ် အမဲရောင်နဲ့ ဈေးအတွင်းက ရွှေဆိုင်အတွင်းကိုဝင်ရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က မုဒုံမြို့၊ မြို့မ(၄) ရပ်ကွက်မှာရှိတဲ့ ရွှေဟင်္သာဈေးအတွင်းက ဦီးပန်းလာ ပိုင်ဆိုင်တဲ့ ရွှေရတနာဦး ရတနရွှေဆိုင်ကိုဝင်ရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ဆိုင်ကယ်နဲ့လာပြီးတော့ သားအဖနှစ်ယောက်ကိုပစ်သွားတာပါ ပြီးတော့ထွက်ပြေးသွားတယ်။ သေနတ်သံကတော့ ၃ ချက်လောက်ကြားရတယ်။ ရွှေဝယ်သူတွေရော အလုပ်သမားတွေ ရောရှိတယ်။ ကျန်တဲ့သူတွေကိုတော့ဘာမှမလုပ်သွားဘူး” လို့ မြို့မ(၁) ရပ်ကွက်မှာနေထိုင်သူတစ်ဦးက PAN ကိုပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့အကြမ်းဖက်သမားဟာ ရွှေဆိုင်ကရွှေတွေကိုယူဆောင်သွားမသွားကိုတော့ မသိရသေးပဲ လုံခြုံရေးအဖွဲ့တွေကတော့လာရောက်စစ်ဆေးနေတာမြင်ရတယ်လို့ မျက်မြင်တစ်ဦးကပြောပါတယ်။

သေနတ်သမားရဲ့ပစ်ခတ်မှုကြောင့် မုဒုံမြို့ မြမာလာလမ်း၊ မြို့မ(၁) ရပ်ကွက်နေထိုင်တဲ့ ရွှေရတနာဦးရွှေဆိုင်ပိုင်ရှင် ဦးပန်းလာရဲ့ မေ့စေ့ဖောက်ဝင်ဒဏ်ရာ ရင်ဘတ်ထိမှန်ဒဏ်ရာနဲ့ သမီးဖြစ်သူ ဒေါ်ပပဖြိုးမှာလည်းသေနတ်ဒဏ်ရာတွေရရှိတာကြောင့် မုဒုံမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့လည်း မော်လမြိုင်မြို့အခြေစိုက် ပရဟိတအသင်းတွေဆီက သိရပါတယ်။

သေနတ်ထိမှန်တဲ့ ရွှေဆိုင်ပိုင်ရှင် ဦးပန်းလာ ဟာ မော်လမြိုင်ပြည်သူ့ဆေးရုံကိုပို့ဆောင်စဥ်မှာပဲ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN