အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဓာတုစက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွား


(နိုင်ငံတကာ) ဇူလိုင် ၃

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဓာတုစက်ရုံတစ်ရုံမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ တနင်္လာနေ့က မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၄၀ သေဆုံးပြီး ၃၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် စက်ရုံရဲ့လည်ပတ်မှုကို ရက်ပေါင်း ၉၀ခန့် ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။

စက်ရုံတည်ရှိရာ Telangana ပြည်နယ်အစိုးရဟာ အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင်ငါးဦးပါတဲ့ ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်တွေကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့လည်း သိရပါတယ်။

စုံစမ်းစစ်ဆေးချက်အရ မတော်တဆမှုဟာ ဓာတ်ပေါင်းဖိုပေါက်ကွဲမှုကြောင့် မဟုတ်တာကိုတွေ့ရှိရတယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

အခင်းဖြစ်ချိန်ပွားချိန် စက်ရုံအတွင်းမှာ လူ ၁၄၃ ဦးအလုပ်လုပ်ကိုင်နေတယ်လို့ အစိုးရကထုတ်ပြန်ပြောဆိုထား စင်ဂချီ စက်ရုံ ဟာ ဆေးဝါးထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ microcrystalline cellulose ကိုထုတ်လုပ်ပြီး အမေရိကန်နဲ့ ဩစတြေးလျနိုင်ငံတွေက ဆေးဝါး၊အစားအသောက်၊ အလှကုန်နဲ့ အထူးဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့သူတွေကို ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN