(နိုင်ငံတကာ) ဇူလိုင် ၃

ဂါဇာကမ်းမြောင်ဒေသတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးနိုင်ငံက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာသည်။
အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အမေရိကန်ကိုယ်စားလှယ်များက အစ္စရေးနိုင်ငံမှတာဝန်ရှိသူများနှင့် ဇူလိုင်လ ၁ ရက် တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်ချမှတ်နိုင်ခြင်း ဖြစ်ကြောင်း ထရမ့်က ၎င်း၏ ဆိုရှယ် မီဒီယာပေါ်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါကာလအတွင်း အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲကို အပြီးသတ်ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အပြီးသတ်ချမှတ်နိုင်ရေးအတွက် အီဂျစ်နှင့် ကာတာ နိုင်ငံတို့က နောက်ဆုံးအဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ပါလက်စတိုင်းရှိဟားမက်အဖွဲ့နှင့် အစ္စရေးတို့အကြား အဆိုပါသဘောတူညီချက်ကို လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ပါလက်စတိုင်း ပြည်သူ ၅၇,၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း RNA သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews