ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးဂြိုလ်တုကို ဂျပန်လွှတ်တိင်မှု အောင်မြင်ဟုဆို


(နိုင်ငံတကာ) ဇွန် ၃၀

ဂျပန်နိုင်ငံအတွက် အဓိကကျတဲ့ ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးဂြိုလ်တုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က H-2A ဒုံးပျံနဲ့ အောင်မြင်စွာ လွှတ်တင်ခဲ့နိုင်ခဲ့တယ်လို့ The Asahi Shimbun သတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဂြိုလ်တုဟာ ကမ္ဘာ့အာကာသဈေးကွက်မှာ ကုန်ကျစရိတ်ပိုမိုယှဉ်ပြိုင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ထိပ်တန်းမော်ဒယ်အသစ်ဖြင့် အစားထိုးပျံသန်းခဲ့တယ်လို့လည်း သိရပါတယ်။

H-2A ဒုံးပျံကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ Tanegashima Space Center က လွှတ်တင်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ပါးစေဖို့အတွက် ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဂြိုလ်တုကို ဒုံးပျံက ဘေးကင်းစွာ ခွဲထုတ်ပြီး ၁၆ မိနစ်ခန့်အကြာမှာပဲ စီစဉ်ထားတဲ့ ပတ်လမ်းထဲကို လွှတ်တင်ခဲ့တယ်လို့လည်း ဒုံးပျံရဲ့ လျှပ်စစ်စနစ် ချွတ်ယွင်းမှုကြောင့် ရက်အတော်ကြာ နှောင့်နှေးခဲ့ရပေမယ့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တဲ့အတွက် ထိန်းချုပ်ခန်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေနဲ့ အာကာသ တာဝန်ရှိသူတွေဟာ ဂုဏ်ပြုတဲ့အနေနဲ့ ပွေ့ဖက်တာတွေ လက်ဆွဲနှုတ်ဆက် တာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အကြိမ် ၅၀ မြောက်နဲ့ နောက်ဆုံးပျံသန်းမှုအဖြစ် ဂျပန်နိုင်ငံရဲ့ ဂြိုဟ်တုတွေနဲ့ စူးစမ်းလေ့လာရေးယာဉ်တွေကို အာကာသထဲကို သယ်ဆောင်ဖို့အတွက် အဓိကကျတဲ့ ဒုံးပျံအဖြစ် ဆောင်ရွက်ခဲ့တဲ့ H-2A ဟာ ၂၀၀၁ ခုနှစ်က စတင်ကာ ပြီးစီးလုနီးပါးဖြစ်ခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က လွှတ်တင်ခဲ့တဲ့ H-2A အပြီးမှာတော့ H3 နဲ့ အပြည့်အဝ အစားထိုးမည်ဖြစ်မှာဖြစ်ပြီး အခုချိန်မှာတော့ စမ်းသပ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

“ဒါဟာ developer တစ်ယောက်အနေနဲ့ JAXA မှာရှိတဲ့ ကျွန်တော်တို့အားလုံးအတွက် နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါပဲ” လို့ Japan Aerospace Exploration Agency ရဲ့ ဥက္ကဌ Hiroshi Yamakawa က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့တယ်လို့လည်း Asahi Shimbun ကပြောပါတယ်။

GOSAT-GW ဒါမှမဟုတ် ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ ရေစက်ဝန်းအတွက် ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေးဂြိုဟ်တုဟာ လေထုအတွင်းမှာရှိတဲ့ ကာဗွန်၊ မီသိန်းနဲ့ အခြားဖန်လုံအိမ်ဓာတ်ငွေ့တွေကို စောင့်ကြည့်ဖို့ မစ်ရှင်ရဲ့ တတိယမြောက်စီးရီးဖြစ်တယ်လို့လည်းသိရပြီး တစ်နှစ်အတွင်း US National Oceanic and Atmospheric Administration အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သုံးစွဲသူတွေကို ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ မိုးရွာသွန်းမှုလို ဒေတာတွေကို စတင်ဖြန့်ဝေမှာဖြစ်တယ်လို့ တာဝန်ရှိသတွေက ပြောဆိုထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN