(ပြည်တွင်း) ဇွန်လ ၁၉

နိုင်ငံခြားငွေကြေးဈေးကွက် FX Trading Platform မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ ၃၃ သန်း ထုတ်ရောင်းပေးမယ်လို့ မြန်မာနိုင်ငံတော်ဗ ဟိုဘဏ်က ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဘဏ်ကနေ ဇွန်လ ၁၇ ရက်မှာပဲ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ သန်းကျော်ကို တခြားကုန်စည် တင်သွင်းတဲ့ ကုမ္ပဏီတွေကို ထပ်မံရောင်းချပေးထားတယ်လို့ ဆိုပါတယ်။
အလားတူ FX Market Online Trading မှာ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၉ သိန်း ၁ သောင်းကျော်ကို စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကိုရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ထိုင်းဘတ် ၅ သိန်းနဲ့ တရုတ်ယွမ် ၃ သိန်း ၇ သောင်းကျော် ကိုလည်း ရောင်းချပေးခဲ့ပါတယ်။
လက်ရှိ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန်တစ်ဒေါ်လာကို ၃၆၁၅ ကျပ် ဖြစ်ပြီး ထိုင်းတစ်ဘတ်ကို ၁၃၃ ကျပ်နဲ့ တရုတ်ငွေတစ်ယွမ် ကို ၅၄၉ ကျပ် ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews