ညောင်ဦးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား အကြမ်းဖက် PDF အဖွဲ့က သတ်ဖြတ်​


(ပြည်တွင်း) ဇွန်လ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်ကန်ကျေးရွာ၌ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား အကြမ်းဖက် PDFအဖွဲ့က သတ်ဖြတ်​သွားကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီအချိန်က ညောင်ပင်ကန်ကျေးရွာ အထက(ခွဲ)ကျောင်းဝင်းအတွင်းရှိ နေအိမ်တွင် ဒေါ်နီလာဝင်း၊ ၄၂ နှစ်၊ (ဘ)ဦးဒေါင်းဝင်း၊ကျောင်းအုပ်ဆရာမ သည် ခင်ပွန်းဖြစ်သူ ဦးဇော်လတ်၊ ၄၅ နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း၊ ၁၉ နှစ်၊ ကျောင်းသူ(G-12)၊ သမီးဖြစ်သူ မရွှန်းလဲ့လဲ့ဦး၊ ၁၆ နှစ်၊ (ဘ)ဦးဇော်လတ်၊ ကျောင်းသူ(G-10)တို့နှင့်အတူရှိနေစဉ် အကြမ်းဖက် PDF ၇ ဦး သေနတ်များ ကိုင်ဆောင်လျှက် ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်နီလာဝင်းတွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မျက်နှာ ပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဦးဇော်လတ်တွင် ဦးခေါင်းနောက် စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မျက်နှာ ပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ညောင်ဦးမြို့နယ်ရှိ ​​အခြေခံပညာကျောင်းများ မဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ပါက သတ်ပြစ်မည်ဟု ဆရာ/ဆရာမများအား အကြမ်းဖက် PDF အဖွဲ့က ခြိမ်းခြောက်စာပို့ ထားကြောင်း သိရပြီး၊ အကြမ်းဖက် PDF အဖွဲ့၏ပြစ်ခတ်မှုကြောင့် ယနေ့ချိန်ထိ ပညာရေးဝန်ထမ်း ၈၁ ဦးအထိသေဆုံးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN