(မှုခင်း) မေလ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် နံနက် ၁၀ နာရီခွဲ့တွင် မရမ်းကုန်းမြိုနယ်၊ (၂)ရပ်ကွက်၊ နှင်းဆီလမ်းနေ တင်အောင်မြင့်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိုက်စ် (မက်သ်အဖက်တမင်း)သုညဒသမ ၀၆ ကီလို (ဒေသ တန်ဖိုးငွေကျပ် ၁၅ သိန်း) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ (ဒေသတန်ဖိုးငွေကျပ် သိန်း ၁၂၀)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်လုံကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ကျေးရွာနေ တူးတူး (ခ)အားတူး၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ (ဒေသတန်ဖိုး ငွေကျပ် ၁၂၆ သိန်း)ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိတရားခံတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews