(အားကစား) မေ ၈

အောင်ဆန်းကလပ်က ဦးဆောင်ကျင်းပမယ့် အောင်ဆန်းကလပ်ဖိတ်ခေါ်ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို သုဝဏ္ဏကွင်းရှိ ဘူယောင်းလေ့ကျင်ရေး အားကစားရုံမှာ မေလ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲမှာ တိုက်ကွမ်ဒိုအားကစားအမျိုးအစားများဖြစ်တဲ့ Poonsae (ကကွက်ပြိုင်ပွဲများ)နှင့် Sparring(အတိုက်ပြိုင်ပွဲ)များကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုပြိုင်ပွဲကို ရန်ကုန်မြို့မှ ကလပ်အသင်းများနှင့် ဧရာဝတီတိုင်းမှကလပ်အသင်းများကို ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။
ဒါကြောင့် အခုပြိုင်ပွဲမှာ ကလပ်အသင်း ၃၅ သင်းနှင့် ကစားသမား ၁,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews