(ပြည်တွင်း) မတ် ၁၄
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဥ်တစ်စီး မတော်တဆမှုဖြစ်ပွားရာမှ အဆိုပါယာဥ်အားစီးနင်းလိုက်ပါခဲ့သူ ခရီးသည်အများအပြား ထိခိုက်ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ် ။

ဖြစ်စဥ်မှာမတ်လ(၁၃)ရက်နေ့ ညနေ(၆း၅၀၀)အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၇/၃)အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းရ၍၊ ဖြူးအမြန်လမ်းရှိတာဝန်ရှိသူများကသွားရောက်၍ ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။

နေပြည်တော်ဘက်က ရန်ကုန်ဘက်ကို ခရီးသည်တွေတင်ဆောင် မောင်းနှင်လာတဲ့ YUTONG အမျိုးစား၊အပြာရောင် Expressခရီးသည်တင်ယာဉ်ဟာ အခင်းဖြစ်မိုင်တိုင်အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်မှာ တိမ်းမှောက်ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဥ်ကြောင့်ယာဉ်ပေါ်တွင်လိုက်ပါလာတဲ့ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အပါအဝင် (၁၃)ဦးအနက်က ကျား(၅)ဦး၊ မ(၄)ဦး၊ ကလေးကျား(၁)ဦး ပေါင်း(၁၀)ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့တာကြောင့် ဖြူးမြို့နယ်ဆေးရုံကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီအသင်းတို့က ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
Photo-လူမူကွန်ယက်
ဖြိုးကိုလင်း(ညောင်ဝိုင်း)
#PAN #အမြန်လမ်း #ယာဥ်တိမ်းမှောက်မှု #ဖြူး