(ပြည်တွင်း) မတ်လ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာရှိ ဂျိုင်း(ကော့ကရိတ်)တံတားဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွှန့်လင်း၊ ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးညီညီဇော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ရပ်မိ/ဖများ စုစုပေါင်းအင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကကြောင်း သိရသည်။

ထို့နောက် ဂျိုင်း(ကော့ကရိတ်)တံတား ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရည်ပတ်ဖြန်းခြင်း၊ စုပေါင်းမှတ်တမ်းဓါက်ပုံရိုက်ကူးခြင်းများပြု လုပ်ပြီးနောက် တံတားအား လှည့်လည်ကြည်ရှု၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Telegram»…
https://t.me/positiveanglenews