KBZ ဘဏ်ခွဲ(၃၇) ဓမြတိုက်လုယက်သူအား ဖမ်းဆီးရမိ


(မှုခင်း) ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ(၃၇)တွင် ဓါးမြတိုက်သွားခဲ့သည့် ပြစ်မှုကျူးလွန်သူအား ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ KBZ ဘဏ်ခွဲ(၃၇)အား ဓမြတိုက်လုယက်ခဲ့သူ သိန်းဇော်ဦး၊ ၅၄ နှစ်၊ (ဘ)ဦးမြင့်ဖေ၊ မုန့်ပို့လုပ်ကိုင်၊ ၆၈(B)×၆၈(C)လမ်း ကြား၊ ၁၂၀ လမ်း၊ အကွက်(၁၇)၊အိမ်အမှတ်(၉)၊ (ဂ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူဖြစ်ပြီး ၎င်း၏နေအိမ်၌ ဓမြတိုက်ယူဆောင်သွားသည့် မြန်မာငွေစက္ကူ ရောရာ ၁၁၁,၃၇၀,၀၀၀ ကျပ်တိတိ၊ဘောစိထည့်ပစ်၍ရသော K-6 စာတန်းပါ ကော်သေနတ်အတို ၁ လက်၊ လက်ပစ်ဗုံးသဖွယ်ခြောက်လှန့်အသုံးပြုသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း ထည့်လျှက် လက်သီးဆုပ်ခန့် အုတ်နီခဲ ၁ လုံး၊ MDY/1W/47251 နံပါတ်ပါ HONDA စူပါကပ်အမျိုးအစား ကျောက်စိမ်းရောင် ဆိုင်ကယ် ၁ စီး၊ ကျူးလွန်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူတရားခံ သိန်းဇော်ဦး၏ ကနဦးထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ၁၂၀ လမ်းထောင့်ရှိ “ဦးဟန်တင်”ဆေးဆိုင်အား လုယက်မှုနှင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ ၄၀×၄၁ လမ်းကြား၊ ၇၃ လမ်းရှိ KBZ ဘဏ်ခွဲ(၃၇)လုယက်မှု ၂ ခုတို့အား ၎င်းတစ်ဦးတည်း ကျူးလွန်ခဲ့ကြောင်းသိရှိခဲ့ရပြီး ဖမ်းဆီးရမိတရားခံ သိန်းဇော်ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများမှ အသေးစိတ်စစ် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN