(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၂

အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားတပ်မတော်တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်တွင် လေကြောင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်လေတပ်မှ B1B ဗုံးကြဲလေယာဉ် အနည်းဆုံး တစ်စင်းနှင့် တောင်ကိုရီးယားတိုက်လေယာဉ် အများအပြားပါဝင်ခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သမ္မတရာထူးရယူပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်ခဲ့သည့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုဖြစ်သည်။
ဖေဖော်ဝါရီလ ၂၀ ရက် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှု၌ လေယာဉ်အစင်းရေ မည်မျှပါဝင်ခဲ့သည်ကို မသိရသေးကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားခြိမ်းခြောက်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်ဒေသ၌ အခြေအနေများတင်းမာနေချိန်တွင် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ တို့က ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ်အတွက် ဇာတ်တိုက်ပြင်ဆင်မှုအဖြစ် မြောက်ကိုရီးယားအစိုးရက သတ်မှတ်ထား ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews