(ပြည်တွင်း) ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပလျက်ရှိသော Information Technology Professionals Examination Council(ITPEC) အသိအမှတ်ပြုစာမေးပွဲများဖြစ်သည့် Information Technology Passport Examination (IT passport)၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲများကို ဧပြီလ ၂၇ ရက်(တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
ITPEC (FE) Exam အတွက် Intensive Training ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာမေးပွဲများသို့ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းဝင်များနဲ့ IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
စာမေးပွဲအတွက် နောက်ဆုံး Form တင်ရမည့်နေ့မှာ မတ် ၂၉ ရက်ဖြစ်ပြီး ITPEC စာမေးပွဲကြေးနှင့် သင်တန်းကြေးများကို Mobile Banking နှင့် QuickPay တို့မှတစ်ဆင့် ငွေပေးသွင်းနိုင်မှာဖြစ်ပါတယ်။
Exam Form နှင့် Training Form များအတွက် https://forms.gle/tAtrhk9m3JNqZNTv6 link သို့ ဝင်ရောက်၍ Registration ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews