ဒူဘော့စ် နှင့် ပါကား တို့ပွဲစဉ်အား ဖျက်သိမ်း


(အားကစား) ဖေဖော်ဝါရီ ၂၂

ဗြိတိန်လက်ဝှေ့သမား ဒူဘော့စ် အဖျားဝေဒနာခံစားနေရတာကြောင့် လာမယ့်စနေညမှာ ထိုးသတ်မယ့် ဒူဘော့စ် နဲ့ ပါကား တို့ရဲ့ ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒူဘော့စ် ဟာ သူ့ရဲ့ IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ပွဲအဖြစ် ပါကား နဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲနီးကပ်လာချိန်မှ အဖျားရောဂါခံစားနေရတယ်လို့ ပွဲစီစဉ်တဲ့သူတွေဆီကို ဒူဘော့စ် ဘက်က အကြောင်းကြားလာခဲ့တာဖြစ်ပြီး အဖျားရောဂါခံစားရတဲ့ အကြောင်းရင်းကိုတော့ ဖော်ပြမထားဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် အသက် ၃၃ နှစ်အရွယ် နယူးဇီလန်နိုင်ငံသား ပါကား ဟာ စနေညမှာ ကွန်ဂိုနိုင်ငံသား ဘာကိုလီ နဲ့ ပြောင်းလဲထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။

ဒူဘော့စ် အနေနဲ့ နေမကောင်းဖြစ်နေမှုကနေ မကြာခင်မှာ သက်သာလာဖို့ မျှော်လင့်ပါတယ်လို့ ပါကား က ပြောသွားခဲ့ပါတယ်။

ကစားသမားဘဝ ၂၄ ပွဲထိုးသတ်ထားရာမှာ ၂၂ ပွဲနိုင်ပြီး ၂ ပွဲသာရှုံးထားတဲ့ ဒူဘော့စ် ဟာ ၂၀၂၄ ဇွန်လမှာ ဟာဂိုဗစ် ကို အနိုင်ရပြီး IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရရှိထားခဲ့သလို စက်တင်ဘာလမှာ ထိုးသတ်ခဲ့တဲ့ ချန်ပီယံဆုကာကွယ်ပွဲမှာလည်း ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်း ဂျော့ရှုအာ ကို အနိုင်ယူပြီး ချန်ပီယံဆုကို ကာကွယ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN