စပိန်လာလီဂါတစ်လတာ အကောင်းဆုံးဆု ဆန်ခါတင်ကစားသမားစာရင်းတွင် အန်တိုနီ ပါဝင်လာ


(အားကစား) ဖေဖော်ဝါရီ ၂၂

ဘက်တစ်အသင်းတောင်ပံကစားသမား အန်တိုနီ အနေနဲ့ အသင်းနဲ့ပထမဆုံးလမှာပင် အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့လို့ ဖေဖော်ဝါရီလအတွက် စပိန်လာလီဂါ တစ်လတာအကောင်းဆုံးဆု ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ကြောင်း သိရပါတယ်။

အန်တိုနီ ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလ၌ ရာသီဝက်အငှားစာချုပ်ဖြင့် ဘက်တစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့် အတူ ပထမဆုံးလ၌ပင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီ အနေနဲ့ ဘက်တစ်အသင်းနဲ့အတူ ယခုလအတွင်း စပိန်လာလီဂါပြိုင်ပွဲ သုံးပွဲကစားခဲ့ရာ ပွဲဦးထွက် ပွဲစဉ်ဖြစ်တဲ့ ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဆယ်တာဗီဂိုအသင်းနဲ့ ဆိုစီဒက်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ နှစ်ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN