(အားကစား) ဖေဖော်ဝါရီ ၂၂

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ခြေသလုံးဒဏ်ရာကြောင့် ရက်သတ္တပတ်ခန့် အနားယူရဖွယ်ရှိနေကြာင်း သိရပါတယ်။
တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆဲလ်တစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဟယ်ရီကိန်း ရဲ့ ဒဏ်ရာပြဿနာကြောင့် ဘိုင်ယန်မြူးနစ် အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၆ ပွဲကစားပြီး ၇၃ ဂိုးအထိ သွင်းယူကာခြေစွမ်းပြထားပါတယ်။
Telegram»…
https://t.me/positiveanglenews