(မှုခင်း) ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းက ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အသတ်ခံရသူများမှာ မပုတေးကျေးရွာမှ ရေလုပ်ငန်းရှင် ကိုဝတုတ် နှင့် မမြတ်စန္ဒာတို့ လင်မယား ၂ ဦးဖြစ်ကြောင်းသိရပြီး၊ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေအိမ်နှင့် မျက်နှာချင်းဆိုင်နေအိမ်ရှိ CCTV မှတ်တမ်းများအရ မမြတ်စန္ဒာ၏ မောင်ဖြစ်သူမှာ နေအိမ်ထဲမှဆိုင်ကယ်ဖြင့် ထွက်လာကြောင်းတွေ့ရှိရပြီး နေအိမ်ထဲတွင်လည်း ၎င်းတို့ပိုင်ဆိုင်သော ဆိုင်ကယ်မရှိတော့ကြောင်း၊ အသတ်ခံရသူ မမြတ်စန္ဒာ၏ မောင်ဖြစ်သူမှာ ရွာတွင် မရှိတော့ကြောင်း၊ အခင်းမဖြစ်ပွားမှီ ၅ ရက်ခန့်က မမြတ်စန္ဒာမှ ၎င်း၏မောင်ဖြစ်သူအား နေအိမ်မှနှင်ချထားကြောင်း သိရသည်။
အဆိုပါ သေဆုံးနေသည့် ရုပ်အလောင်း နှစ်လောင်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကော့သောင်းမြို့ “ရွှေအဏ္ဏဝါ”နာရေးကူညီမှုအသင်းကားဖြင့် ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ လူသတ်တရားခံအားဖမ်းဆီးရမိရေးဆောင်ရွက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews