လူကုန်ကူးမှုနဲ့ လိမ်လည်မှု တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့ BGF ခေါင်းဆောင်က ထိုင်းကာကွယ်ရေးဝန်ကြီးကို စာပို့


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၄

နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)ရဲ့ ဒေသအတွင်းက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွင်းမှာ တရားမဝင် လုပ်ကိုင်နေတဲ့ လူကုန်ကူးသူတွေနဲ့ လိမ်လည်လှည့်စားသူတွေကို ဖော်ထုတ်ဖမ်းဆီး နှိမ်နှင်းနေပြီး လူကုန်ကူးမှုနဲ့ လိမ်လည်မှု တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ထိုင်းကာကွယ်ရေးဝန်ကြီးကို စာပို့ပြောဆိုလိုက်ပါတယ်။

လူကုန်ကူးခံရသူတွေနဲ့ ပြည်ပနိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ BGF က ထိုင်းကာကွယ်ရေးဝန်ကြီးကို ပေးပို့ခဲ့တဲ့ စာထဲမှာပြောဆိုထားပြီး ဖေဖော်ဝါရီလ ၁၅ နေ့ကစတင်ကာ မြဝတီမြို့ ချစ်ကြည်ရေးတံတား အမှတ် (၂) ကတဆင့် အများအပြား ပို့ဆောင်ပေးမှာဖြစ်လို့ မြန်မာနဲ့ထိုင်းအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်လိုတယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါကြောင့် ရာဇ၀တ်မှု တိုက်ဖျက်ရေးနဲ့ လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့ရေးမှာ ပိုမိုချောမွေ့ပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိစေဖို့အတွက် လိုအပ်သလို လိုအပ်သလို လမ်းညွှန်မှုနဲ့ အကူအညီတွေပေးနိုင်ဖို့ တောင်းဆိုတယ်လို့လည်း ပြောဆိုထားပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနဲ့ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူလက်မှတ်ရေးထိုးပေးပို့ခဲ့တဲ့ အဲဒီစာကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN