
(ပြည်တွင်း)ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများလိုက်ပါလာသည့် မော်တော်ယာဥ်ကို အကြမ်းဖက်သမားများက မိုင်ထောင်ဖောက်ခွဲခဲ့ရာ ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရပါသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း (တုံးဗျောကြီး)မှ မူလတန်းပြဆရာ ၁ ဦးနှင့် ကျောင်းသား ၆ ဦးတို့သည် စာမေးပွဲများ ဖြေဆိုရန်အတွက် လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း(တောင်ဖီလာ)သို့ မော်တော် ယာဉ် ၁ စီးဖြင့် ထွက်ခွာလာစဉ် တုံးဗျောကြီး ကျေးရွာ ၏ ၃ မိုင်ခန့်အကွာ တောင်ပုကျေးရွာအနီးသို့ အရောက်၌ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျောင်းသားများအနက် မောင်ထက်ရဲကိုနှင့် မောင်ထက်ရဲလင်း တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။


အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ၂ ဦးအား မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
#PAN