နိုင်ငံကူးလက်မှတ်များကို နေ့စဉ် လက်မှတ် ၅,၀၀၀ ခန့်ကို နေ့စဉ်ထုတ်ပေးလျက်ရှိ


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၁

ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် ၅,၀၀၀ ခန့် နေ့စဉ်ထုတ်ပေး လျက်ရှိတယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့(နေပြည်တော်)မှ သိရပါတယ်။

လက်ရှိမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ အိမ်ထောင်စုစာရင်းနဲ့ နေထိုင်သူများအားလုံး အွန်လိုင်းဘိုကင် (QR ကုတ်)စနစ်နဲ့ ဘိုကင်တင်ကာ အိမ်ထောင်စုစာရင်းရှိတဲ့ သတ်မှတ်ရုံးတွေမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နယ်စပ်ရုံး ၃ ရုံးဖြစ်တဲ့ မြဝတီ၊ တာချီလိတ် နှင့် ကော့သောင်းမြို့နယ်ရှိ ရုံးတွေမှာတော့ အွန်လိုင်းဘိုကင်စနစ်မရှိဘဲ MoU U-turn စနစ်နဲ့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သလို နေ့ချင်းပြီး စနစ်နဲ့ ရရှိနိုင်တယ် လို့လည်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

နိုင်ငံကူးလက်မှတ်လုပ်ရန် လားရှိုးမြို့မှ အွန်လိုင်းဘိုကင် (QR ကုတ်) တင်ထားတဲ့ လျှောက်ထားသူများ အနေနဲ့ တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့တို့မှာ သွားရောက် လုပ်ကိုင်နိုင်ပြီး ပြည်ပသွားရောက်မယ့်သူတွေအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး စုစုပေါင်း ၂၀ နဲ့ ဆောင်ရွက်ပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN