(ပြည်တွသင်း) ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီးအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀ မြှင့်တင်ရေးအသင်းဥက္ကဌနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အလင်းစစ်ပညာဒါန လူငယ်ဖွံ့ဖြိုးရေးကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများလှူဒါန်းပေးခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း ဥက္ကဌဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အသိပညာပေးစကားလက်ဆောင်များပြောကြားခြင်း၊ ဘက်စုံသုံးဆပ်ပြာ၊ တရော်ကင်ပွန်း ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများပြုလုပ်ပြီး ကျောင်းသုံးသင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းဥက္ကဌဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များသည် တာဝန်ခံကျောင်းအုပ်ဆရာတော်ထံသွားရောက် ဖူးမြော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းခြင်း၊ ကျောင်းတိုက်အတွင်းရှိသံဃာတော်များအား နေ့ဆွမ်းနှင့် အချိုပွဲများဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ထမင်းများကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews