(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုကြောင့် ၂၀၂၄ ခုနှစ်အကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှ ရွှေချောင်းထောင်ပေါင်း များစွာကို ပြန်လည်ထုတ်ယူ ခဲ့ကြကြောင်း နာမည်ကြီး Telegraph သတင်းစာကြီးက ဖော်ပြထားသည်။
အမေရိကန် ပြည်ထောင်စု နယူးယောက်ဈေးကွက်ရှိ ရွှေဈေးသည် လန်ဒန်မြို့ရှိ ငွေသားဈေးကွက်ထက် ဈေးနှုန်းမြင့်တက်လာပြီးနောက် နိုင်ငံ အတွင်းရှိ ကုန်သည်အများအပြားက ရွှေချောင်းများ ပြန်လည်ထုတ်ယူရန် တောင်းဆိုလာခဲ့သည်ဟု အင်္ဂလန်ဘဏ် မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဒေ့ရမ်စဒန်က ပြောကြားခဲ့ကြောင်း Telegraph သတင်းစာကြီးက ဖေဖော်ဝါရီလ ၈ ရက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှ ပြန်လည်ထုတ်ယူခဲ့သည့် ရွှေချောင်းများမှာ ၈,၀၀၀ ခန့် ရှိပြီး ယင်းပမာဏသည် ဘဏ်အတွင်းရှိ ရွှေချောင်းစုစုပေါင်း၏ ၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်က ရွှေချောင်းများအပေါ် အခွန်သစ်များ တိုးမြှင့် ကောက်ခံမည်ကို ဗြိတိန်ရှိ ကုန်သည်များက စိုးရိမ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေ့ရမ်စဒန် က ဆက်လက်ပြောကြားခဲ့ ကြောင်း Izvestia သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews