(နိုင်ငံတကာ) ဖေဖော်ဝါရီ ၈

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် နိုင်ငံအတွင်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများကို အဓိကပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် ယူကရိန်းထောက်လှမ်းရေး အမျိုးသမီး လေးဦး အား ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထောက်လှမ်းရေးအမျိုးသမီးများအား ရုရှားနိုင်ငံတွင် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် အတွက် ယူကရိန်းနိုင်ငံက လေ့ကျင့်ပေးထားခြင်းဖြစ်ပြီး ၎င်းတို့အား ပြည်ထောင်စုလုံခြုံရေးအဖွဲ့က ဆီဗက်စတိုပို၊ ဗိုရိုနက်နှင့် ရိုစတော့အွန်ဒန်မြို့တို့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးသည် ယူကရိန်း အထူးတပ်ဖွဲ့၏ လေ့ကျင့်သင်ကြားပေးခြင်းကို ခံယူထားသူများဖြစ်ပြီး လက်နက်ငယ်အသုံးပြုခြင်း၊ မိုင်းနှင့် ဖောက်ခွဲရေး ပစ္စည်းများကို ကိုင်တွယ်အသုံးပြုခြင်းနှင့် ဒရုန်းများကိုအသုံးပြု၍ ကင်းထောက်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ကြောင်း ပြည်ထောင်စုလုံခြုံရေးအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ရုရှားလုံခြုံရေးအဖွဲ့ဝင်များသည် ၎င်းအမျိုးသမီးများ၏ နေအိမ်များအတွင်း၌ ဖောက်ခွဲရေးပစ္စည်းများ၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ၊ အီလက်ထရွန်နစ် ဒီတိုနေတာနှင့် လက်လုပ်ဗုံးလုပ်နည်း လက်စွဲစာအုပ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews