ကစားသမားဘဝအနားမယူမီ အသင်းဟောင်းစပို့တင်းလစ္စဘွန်းသို့ ပြန်လည်ပြောင်းရွှေ့မှာမဟုတ်ကြောင်း ပြောခဲ့တဲ့ စီရော်နယ်ဒို


(အားကစား) ဖေဖော်ဝါရီ ၈

ပေါ်တူဂီအသင်းနဲ့ အယ်နာဆာအသင်းတို့ရဲ့ ဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်ဒို က ပရော်ဖက်ရှင်နယ် ကစားသမားဘဝ အနားမယူမီမှာ အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့မှာ မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်မှာ အသက် ၄၀ ပြည့်ခဲ့တဲ့ စီရော်နယ်ဒို ဟာ ၎င်းရဲ့ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အသင်းဟောင်း စပို့တင်းလစ္စဘွန်းမှာ အဆုံးသတ်သွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့လို့ စီရော်နယ်ဒို က အခုလိုပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်း အကယ်ဒမီကထွက်ပေါ်ခဲ့တဲ့ စီရော်နယ်ဒို ဟာ ၂၀၀၂ ခုနှစ်မှာ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကာ နည်းပြ ဖာဂူဆန် ရဲ့ လက်အောက်မှာ ကစားသမားဘဝအကောင်းဆုံး အချိန်များကို ပိုင်ဆိုင်ခဲ့ပြီး ဆုဖလားများဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မန်ယူအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ထံ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မန်ယူ အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ၂၀၂၂ ခုနှစ်တွင် ဆော်ဒီလိဂ်မှ အယ်နာဆာကလပ် အသင်းထံသို့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN