အဒေါ်ဖြစ်သူမှ ဒေါသထွက်ကာရိုက်နှက်ခဲ့ရာမှ ၆ နှစ်အရွယ် တူမဖြစ်သူသေဆုံး


(မှုခင်း) ဖေဖော်ဝါရီ ၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဟံသာဝတီ(အမှတ်-၁)တောရ ကျောင်းလမ်း၊ ဟံသာဝတီရပ်ကွက်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မနှင်းဖြူဖြူဖွေး၊ အသက် ၆ နှစ်၊ (ဘ)ဦးသန်းဇော် သည် ၎င်း၏ အဒေါ်ဖြစ်သူ မငွေအောင်၊ အသက် ၄၂ နှစ်၊ ဦးထွန်းဉာဏ်နှင့် ဟံသာဝတီ(အမှတ်-၁)၊ တောရကျောင်းလမ်း ၊ ဟံသာဝတီရပ်ကွက်တွင် အတူရှိနေစဉ် ယမန်နေ့ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မနှင်းဖြူဖြူဖွေးမှာ ဝမ်းသွားရာ အဝတ်အစားများနှင့် စောင်များ ပေါ်တွင် မစင်များ ပေကျန်နေသဖြင့် အဒေါ်ဖြစ်သူ မငွေအောင်မှ ဒေါသထွက်ကာ အရှည်(၂)ပေခွဲ၊ လုံးပတ်ကျပ်လုံးခန့်ရှိ ဝါးဆစ်ပိတ်တုတ်ချောင်းဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

အဆိုပါရိုက်နှက်ခံရမှုကြောင့် မနှင်းဖြူဖြဖွေး တွင် ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်မျက်လုံး ညိုမဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်မျက် လုံးအောက် ညိုမဲဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက် အောက်ပိုင်း ညိုမဲဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ကာ အိပ်ပျော်သွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အိပ်ယာမှမနိုး သဖြင့် နိုးကြည့်ခဲ့ရာ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။

ဒဏ်ရာဖြင့် သေဆုံးနေသူသူ မနှင်းဖြူဖြူဖွေး၏ အလောင်းအား မှုခင်းဆေးစာဖြင့် သံဖြူဇရပ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လူသတ်မှုကျူးလွန်ခဲ့သည့် အဒေါ်ဖြစ်သူအား ဥပဒေအရ ဆက်လက်အရေးယူဆောင်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN