တအောင်းထိန်းချုပ်နယ်မြေမှာ ကလေးငယ် (၄)ဦး မိုင်းနင်းမိ (၂)ဦး သေဆုံး


(ပြည်တွင်း) ဖေဖော်ဝါရီလ ၆

အဓမ္မကျူးကျော်နယ်မြေလုယူထားတဲ့ အကြမ်းဖက်သောင်းကျန်းသူ တအောင်းလက်နက်ကိုင် TNLA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာက ကလေးငယ် (၄)ဦးဟာ လက်လုပ်မိုင်း နင်းမိလို့ (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တအာင်းလက်နက်ကိုင်သောင်းကျန်းသူ တပ်မဟာ(၅)က အတင်းအဓမ္မဝင်ရောက်တပ်စွဲထားတဲ့ နမ့်ဆိုင်ကျေးရွာက ကလေးငယ်တွေဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၁၁ နာရီခွဲကချိန်က ငါးဖမ်းသွားရာလမ်းမှာ TNLA/PDF တွေထောင်ထားတဲ့လက်လုပ်မိုင်းကို နင်းမိရာက ပေါက်ကွဲခဲ့ကြောင့် ခုလိုသေဆုံးဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

TNLA/PDF တွေထောင်ထားတဲ့လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ၂ ဦးဟာ အသက်(၄)နှစ်အရွယ် လွေးအေးနွေနဲ့ အသက် (၅)နှစ်အရွယ် မိုင်းအနိုင် ဆိုသူတို့ဖြစ်တယ်လို့ သိရပြီး အသက် (၉)နှစ်အရွယ် မိုင်းထွန်းအောင်နဲ့ အသက် (၈)နှစ်အရွယ် မိုင်းအညို့လာတို့ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်ကလည်း ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာက အမျိုးသားတစ်ဦး ကျွဲရှာနေစဥ် သောင်းကျန်သူတွေထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့လို့ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN