USAID အဖွဲ့၏လုပ်ငန်းများကို ရပ်ဆိုင်းပြီး ယာယီအကြီးအကဲအဖြစ် နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယို က တာဝန်ယူ


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၅

အမေရိကန်အစိုးရ၏အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန (USAID) အဖွဲ့၏ ယာယီအကြီးအကဲအဖြစ် တာဝန်ယူလိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယို က ပြောကြားလိုက်သည်။

အမေရိကန်အစိုးရသည် USAID အဖွဲ့၏လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီလ ၃ ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပင်ခဲ့သည်။

ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေ သည့် အစီအစဉ်များကိုလည်း သမ္မတ ဒေါ်နယ်ထရမ့် က ရက်ပေါင်း ၉၀ ကြာ ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် USAID အဖွဲ့ ၏ ခေါင်းဆောင်မှုသည် အသိဉာဏ်ကင်းမဲ့သောကြောင့် ပြောင်းလဲမှုများလုပ်ဆောင်ရန် ထရမ့် က ညွှန်ကြား ခဲ့သည်။

လက်ရှိတွင် USAID အဖွဲ့သည် အသစ်ဖွဲ့စည်းလိုက်သည့် အစိုးရ၏ ဆောင်ရွက်မှုထိရောက်ခြင်း ရှိ၊ မရှိ စစ်ဆေးသည့် ဌာန (DOGE) ၏ စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယင်းဌာနကို ဘီလီယံနာ တစ်ဦး ဖြစ်သူ အီလွန်မက် က ဦးဆောင်လျက်ရှိသည်။ အမေရိကန်အစိုးရ၏ USAID အဖွဲ့သည် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သည်ဟု အီလွန်မက် က ပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် အမေရိကန်ပြည်သူများ၏ အခွန်ဘဏ္ဍာများကို အသုံးပြု၍ ဇီဝလက်နက်များအား သုတေသန လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် ရူဘီယို က ယာယီအကြီးအကဲအဖြစ် တာဝန်ယူလိုက်ခြင်းဖြစ်သည်။

အီလွန်မက်၏ အဆိုပါ ပြောကြားချက်သည် ရုရှား ဓာတု၊ ဇီဝနှင့် အဏုမြူကာကွယ်ရေးတပ်ဖွဲ့၏ ယခင်အကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီကော့ ၏ ပြောကြားချက်ကို ပိုမိုခိုင်မာစေသည်။

၂၀၁၉ ခုနှစ်မှစ၍ USAID အဖွဲ့သည် အမေရိကန်စစ်ဘက် က လုပ်ဆောင်ခဲ့ သည့် ဇီဝလက်နက်အစီအစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် ဒေါ်လာ ၆၀ ဘီလီယံ အသုံးပြုခဲ့ ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN