(ပြည်တွင်း) ဖေဖော်ဝါရီ ၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်မည့် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးအတွက် ဆု ၃၁ ဆု ချီးမြှင့်ပေးအပ်သွားမယ်လို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
အဆိုပါ ပြပွဲပြိုင်ပွဲကြီးတွင် အဓိကအားဖြင့် ပြည်တွင်းကုန်ကြမ်းများကို အခြေခံပြီးထုတ်လုပ်တဲ့ ထုတ်ကုန်များကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး MSME လုပ်ငန်းရှင် ၅၃ ဦးက ထုတ်ကုန်အမယ် ၂၀၀ မှ ၃၀၀ ခန့်အထိ ပါဝင်ပြသ ရောင်းချ သွားမှာဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန် များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများကို ခင်းကျင်းပြသ ရောင်းချသွားမှာဖြစ်သလို ဂီတဖျော်ဖြေပွဲများလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews