ကုလ လူ့အခွင့်အရေးကောင်စီ အမေရိကန်ထပ်မံနှုတ်ထွက်


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အင်္ဂါနေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ပြီး ဂါဇာတွင် ကူညီနေသည့် ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီအတွက် ရန်ပုံငွေထောက်ပံ့မှုကိုလည်း ဖြတ်တောက်မည်ဟု သိရသည်။

အဆိုပါသတင်းသည် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနှင့်မတွေ့မှီတစ်ရက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၎င်းအမိန့်ကြေညာချက်အား ယနေ့တွင် လက်မှတ်ထိုးဖွယ်ရှိကြောင်းသိရသည်။

UNRWA သည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီးတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုကြောင့် ဖြစ်ပွားခဲ့သော လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခများကြားတွင် ဂါဇာဒေသခံများအား အကူအညီပေးနေသည့် အဓိကအေဂျင်စီဖြစ်သည်။

သမ္မတထရမ့်သည် ၂၀၁၈ ခုနှစ် ပထမသက်တမ်းတွင်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ တစ်ကြိမ်နှုတ်ထွက်ခဲ့ပြီး ယခုသည် ဒုတိယအကြိမ်နှုတ်ထွက်ခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN