(ပြည်တွင်း) ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် လန်ဆယ်ကျေးရွာကြားမှာရှိတဲ့ ဖဖုန်း(ထဖုန်း)ရွာအနီးက ပြည်သူ့စစ်စခန်း တစ်ခုကို KIA နဲ့ ပူးပေါင်းတပ် သိမ်းပိုက်လိုက်တယ်ဆိုတဲ့ KIA ရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Kachin Waves က ရေးသားပြောဆိုမှုတွေက မှားယွင်းတယ်လို့ လန်ဆယ်ဒေသခံတွေကပြောပါတယ်။

လက်နက်မချတာကြောင့် အင်အား ၄၀ နဲ့ ၅၀ ကြားရှိတဲ့စခန်းကို ပစ်ခတ်သိမ်းပိုက်ပြီး ယူခဲ့ရတယ်ဆိုတယ်လို့ Kachin Waves မှာရေးသားထားပြီး ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၉ နာရီခန့်က ထဖုန်းပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
ဆော့လော်မြို့နယ်၊လန်ဆယ်ကျေးရွာအထက်၊လာဟီဆင် တောင်ခြေတထုံဇင်ကျေးရွာမှာကေအိုင်အေ အင်အား၄၀၀-၅၀၀ခန့်စုစည်းရောက်ရှိနေတာဖြစ်ပေမယ့် ဖုန်း(ထဖုန်း)ရွာအနီးက ပြည်သူ့စစ်စခန်းတိုက်ခိုက်ခဲ့တာမရှိသေးဘူးလို့ PAN ရဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဓမ္မနယ်မြေကျးကျော်သိမ်းပိုက်နေတဲ့ ကချင်လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူKIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာနယ်စပ်မှတ်တိုင် ၃၀ ကို တိုက်ခိုက်သိမ်းပိုက်ဖို့ရှိနေတယ်လို့လည်း သိထားရတယ်လို့လည်းဆိုပါတယ်။
ဝိုင်းမော်-ချီဖွေ-ဆော့လော်-ဖီမော်-ကန်ဖန်-လန်ဆယ်-တထုံဇင်-လာဟီဆင်-ခေါင်လန်ဖူးနယ်စပ်အထိကားလမ်းကောင်းမွန်နေတာကြောင့် ထောက်ပို့အင်အားကောင်းကောင်းနဲ့ ခေါင်လန်ဖူးဖက်ကိုလည်း တက်နိုင်တယ်လို့လည်း ဒေသခံတွေကပြောဆိုထားပါတယ်။