အမေရိကန်ကနေ ပထမအသုတ် ပြန်ပို့ခံရမယ့်စာရင်းထဲမှာ မြန်မာ ၆၀၀ ကျော်ပါဝင်နေပြီး NUG အဖွဲ့ဝင်တွေ ပါဝင်လာနိုင်

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁

သမ္မတထရမ့်ရဲ့ ဥပဒေအရ အမေရိကန်နိုင်ငံသားမဟုတ်တဲ့သူတွေကို မူလနိုင်ငံပြန်ပို့ခံရမယ့်အထဲမှာ မြန်မာနိုင်ငံသား ရာနဲ့ချီပါဝင်နေပြီး အဲ့ဒီအထဲမှာ NUG အဖွဲ့ဝင်တွေလည်း ပါဝင်လာနိုင်တယ်လို့ တယ်လို့  အမေရိကန်နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းဆီကသိထားရပါတယ်။

အမေရိကန်နိုင်ငံနေ မြန်မာနိုင်ငံသား ၆၇၉ ကို ထရမ့်အစိုးရက ပထမအသုတ်အဖြစ်ပြန်လည်ပို့ဆောင်ပေးဖို့ရှိနေပါတယ်။

အမေရိကတန်အစိုးရကထုတ်ပြန်ကြေညာတဲ့အထဲမှာပါဝင်တဲ့ မြန်မာနိုင်ငံသား ၆၇၉ ရဲ့စာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က သမ္မတဂျိုးဘိုင်တန်လက်ထက် နိုဝင်ဘာလက စတင်ကောက်ယူခဲ့တာဖြစ်ပြီး ဒီစာရင်းဇယားတွေကို သမ္မတဂျိုးဘိုင်တန်လက်ထက်မှာ ကောက်ယူခဲ့တာပါ။

မြန်မာနိုင်ငံကိုပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသား  ၆၇၉  ဦးဆိုတဲ့စာရင်းသာ အမေရိကန်အစိုးရကထုတ်ပြန်ထားတာဖြစ်ပြီး အဲ့ဒီအထဲမှာ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ NUG အဖွဲ့တွေလည်း ပါဝင်လာနိုင်တယ်လို့ တရားဝင်အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာတစ်ဦးကပြောပါတယ်။

အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ထိန်းသိမ်းရေးဌာန (ICE) ရဲ့ 2024 ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်နိုင်ငံအတွင်းမှာ သူတို့ရဲ့နိုင်ငံသားမဟုတ်သူ ၁,၄၄၅,၅၄၉ ဦးရှိနေပြီး အဲ့ဒီလူတွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူတွေမပါဝင်ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်ကို နှစ်ပေါင်းများစွာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကတော့ အမေရိကန်အစိုးရက သူတို့ကိုထောက်ပံ့နေတဲ့အထောက်အပံ့ အားလုံးကိုဖြတ်တောက်လိုက်ပြီးလို့ဆိုပါတယ်။

အမေရိကန်က ပြန်ပို့ခံရမယ့်နိုင်ငံတွေအထဲမှာ အာဖဂန်နစ္စတန်နဲ့ အယ်လ်ဘေးနီးယားကအများဆုံးဖြစ်ပြီး ဘော့ဆွာနာကတော့ အနည်းဆုံးဖြစ်ပါတယ်။