(မှုခင်း) ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ဇေယျာချောင်ရပ်ကွက်၊ ကချင်စုရပ်တွင် ယမန်နေ့ နေ့လည် ၁ နာရီခန့်က မူးယစ်ဆေးဝါးများရောင်းဝယ်မှု ပြုလုပ်နေသူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကသာမြို၊ ဇေယျာချောင်ရပ်ကွက်၊ ကချင်စုရပ်နေ ကျော်စိုး၏ နေအိမ်၌ မူးယစ်ဆေးဝါးများရောင်းဝယ်မှု ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ် အိပ်ခန်းအတွင်းမှ ဆပ်ပြာခွက် ၁ ခွက်လျှင် ဘိန်းဖြူအလေးချိန် ၉ ဂရမ်ခန့်ပါ ရောင်စုံဆပ်ပြာခွက် ၅၀ ခွက်၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၄၅၀ ဂရမ်ခန့် ကာလတန်ဖိုး သိန်းတစ်ရာရှစ်ဆယ်ကျပ်ခန့်၊ ခရမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ၁၉၀ ပြားပါ ၆၀၀ ထုပ်၊ စုစုပေါင်း ၁၁၄၀၀၀ ပြား၊ ကာလတန်ဖိုး သိန်းနှစ်ထောင်နှစ်ရာရှစ်ဆယ်ကျပ်ခန့်၊ စုစုပေါင်းကာလတန်ဖိုး သိန်းနှစ်ထောင်လေးရာခြောက်ဆယ်ကျပ်ခန့်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများရောင်းဝယ်မှု ပြုလုပ်သူ တရားခံ ကျော်စိုးအား ဖမ်းဆီးခဲ့ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Telegram»…
https://t.me/positiveanglenews